ကချင်ပြည်နယ် အစိုးရအဖွဲ့၏ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ 27

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်မပျက်ကြီးမှူးကျင်းပသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒသမ အကြိမ်မြောက်  ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ် ရေးညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိအောင် ချမ်းသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ကြရာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စသဖြင့် လူဦးရေ (၃၀)ခန့်တို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြကာ  ကထိန်တရားတော်ကို နာယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းများ ဆက်ကပ် လှူဒါန်းကြပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဒသမအကြိမ် စုပေါင်းမဟာဘုံ ကထိန်အတွက် စုပေါင်းလှူဒါန်းကြသည့် ပဒေသာပင်ပေါင်း (၁၉)ပင် အပါအဝင်  နဝကမအလှူငွေနှင့် လှူဖွယ်ပစ္စည်း တန်ဖိုး စုစုပေါင်း ငွေကျပ် (21915600)တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိတံတိဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်