ဟင်္သာတ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် စီမံကိန်းဝင် ကျေးရွာများ၌ တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မရိုးသောင်ကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ် ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် လုပ်ကွက်ငယ်တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် ငွေကြေး အရင်းအနှီး ရရှိစေရန် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပြီး လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် စာရင်းဇယားရေးသွင်းထားရှိမှုအခြေအနေများကို မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)