ရေဖြူ နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာမှ ယမန်နေ့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာမှ လူနာ အမျိုးသားသည် ထိုင်းနိုင်ငံ ထီးခီးနယ်စပ်ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက် လာသူဖြစ်ပြီးရေဖြူမြို့ နေရပ်ပြန် စောင့်ကြည့်ရေးစခန်းတွင် Quarantine ထားရှိရာမှ အဆိုပါလူနာ၏ နှာခေါင်းတို့ဖတ်အား နမူနာယူ စစ်ဆေးရာ ရောဂါပိုး တွေ့ရှိကြောင်းသိရသဖြင့် အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာအား ရေဖြူမြို့ ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ပြီးလိုအပ်သည့် ဆေးကုသမှုများ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့အထိ ရေဖြူမြို့နယ်တွင် Quarantine Centre များရှိ နေရပ်ပြန် များထဲမှ ကိုဗစ်_၁၉ ရောဂါပိုးတွေ့လူနာ (၈)ဦး ရှိလာပြီ ဖြစ်ကြောင်းသိရသည်။
ဖြူဖြူရှိန်(ရေဖြူ ပြန်/ဆက်)