ကော့သောင်း နိုဝင်ဘာ ၂၈
သင်္ဘောသား အလွှဲအပြောင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကော့သောင်းမြို့သို့ ရန်ကုန်မြို့မှ ယမန်နေ့ နံနက်ပိုင်းက ဝင်ရောက် လာသည့် မော်တော်ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦး ထံတွင် ရောဂါပိုး တွေ့ရှိ သဖြင့် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရ သည်။
အဆိုပါမော်တော်ယာဉ်သည် ကော့သောင်းမြို့သို့သင်္ဘောသား (၂၀) ဦးအားတင်ဆောင်ကာ နိုဝင်ဘာလ ၂၃ ရက်နေ့ က ရန်ကုန်မြို့ မှ ထွက်ခွာလာခဲ့ပြီး ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာ အုပ်စု၊ ၁၂ မိုင် စစ်ဆေးရေး ဂိတ်တွင် ကော့သောင်းခရိုင် ကျန်းမာရေး ဦးစီးဌာနမှ RDT ဖြင့် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက် လိုက်(၂) ဦးအား ဆေးစစ်ခဲ့ရာ ယာဉ်မောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ကော့သောင်းခရိုင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့မ ှဆေးကုသမှုခံယူရန် ကော့သောင်းမြို့၊ ပြည်သူဆေးရုံရှိ သီးသန့်လူနာ ဆောင်သို့ ပို့ဆောင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယာဉ် နောက်လိုက်နှင့် ၎င်း၏ Contact Persons များ အား ရှာဖွေဖော်ထုတ် ကာ ကော့သောင်းမြို့Quarantine Center တွင် အသွားအလာ ကန့်သတ် စောင့်ကြည့် ထားရှိဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)