ကျောက်ပန်းတောင်းမြို့တွင် G.T.I Quarantine Centre ဝင်ရောက်နေသူ (၁၀၅) ဦးအနက်မှ Swab နမူနာ ယူရန်ကျန် ရှိနေသူ (၁၀) ဦးအား စစ်ဆေးခဲ့ရာမှ သံဃာတော် (၁) ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre ဝင်ရောက်နေသူ(၁၀၅)ဦးအနက်၊ နိုဝင်ဘာ (၂၄)ရက်နေ့ အထိ Quarantine ဝင်ရောက်ပြီး၊ Swab နမူနာယူရန်ကျန်ရှိနေသူ(၁၀) ဦးအား၊ နိုဝင်ဘာ(၂၇)ရက်နေ့တွင် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ သံဃာတော် (၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ သံဃာတော်မှာ ရေနံချောင်းမြို့နယ်ဇာတိဖြစ်ပြီး၊ နိုဝင်ဘာ(၂၃)ရက်နေ့တွင် ရန်ကုန် (မင်္ဂလာဒုံမြို့နယ်) မှ ကျောက်ပန်းတောင်းမြို့နယ် အင်တော ကျေးရွာ သို့ ကြွရောက်လာရာမှ ကျောက်ပန်းတောင်းမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်း Quarantine Centre တွင် RDT Test Kit ဖြင့်စစ်ဆေးရာမှ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်းသိရပြီး၊ ၎င်း ပိုးတွေ့သံဃာတော်အား ကျောက်ပန်းတောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ထိတွေ့ဆက်စပ်ခဲ့ သူအား စုံစမ်းဖော်ထုတ်၍ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)