ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပညာရေးဌာနမိသားစုမှ အဌမအကြိမ်မြောက် အလှူငွေ (၁၄) သိန်းကျော် လှူဒါန်း

ဒေးဒရဲ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး မြို့နယ်ပညာရေးဌာန မိသားစုမှ အဌမအကြိမ်မြောက်အဖြစ် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေလည်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ ထိန်းချုပ်ရေး အသိပညာပေးမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

လှူဒါန်းပွဲတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ပညာရေးဌာနမိသားစုများက အဌမအကြိမ်မြောက် စုပေါင်း လှူဒါန်းသည့် အလှူငွေ (၁၄၄၀၀၀၀/-)ကျပ်အား မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိ သူများက ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဉီးမြင့်ဉီးတို့က လက်ခံရယူခဲ့သည်။

အဆိုပါလှူဒါန်းမှုသည် ဒေးဒရဲမြို့နယ် ပညာရေးဌာနမိသားစု၏  အဌမအကြိမ်မြောက် လှူဒါန်းမှုဖြစ်ပြီး ၂၀၂၀ - ပြည့်နှစ် မတ်လမှ နိုဝင်ဘာလ အထိ စုစုပေါင်း (၉၆၀၅၉၀၀/-) ကျပ်အထိ လှူဒါန်း ပေးနိုင်ခဲ့ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ အထောက်အကူပြု ကော်မတီ ဘဏ္ဍာရေးမှူး ဉီးရဲစိုးအောင်၏ ပြောကြားချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)