သီပေါ နိုဝင်ဘာ ၂၈
ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေရေး အတွက် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ် ခြင်းများ ရှိ/မရှိကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ (၅)ရက်လျှင်(၁) ကြိမ်ဖွင့်လှစ် ရောင်းချသော ပန်ညုကျေးရွာစျေးတွင် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask Campaignပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်ညုကျေးရွာစျေးအတွင်း စျေးရောင်း၊ စျေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင် စေရန် ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)အခမဲ့ဝေငှခြင်းများ ဆောင် ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုဗစ်−၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရန်နှင့် စျေးအတွင်း ရောင်းချနေသော ကုန်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ် အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို မြို့နယ်ပူးပေါင်း စစ်ဆေးရေး အဖွဲ့မှဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)