ဆင်ဘို နိုဝင်ဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၆ နာရီတွင် စည်ပင်သာယာဈေး အတွင်း/အပြင် များတွင် Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကိုဗစ် -၁၉ ရောဂါ ဒေသတွင်း ကူးစက်မှု လျော့နည်း စေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူများက ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ ဆင်ဘိုမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းမင်းစိုး ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့စည်ပင်သာယာဈေး အတွင်း/ အပြင်များတွင် ဈေးရောင်း/ဈေးဝယ်များနှင့် လမ်းသွား/ လမ်းလာ ပြည်သူများအား Mask အခုရေ (၂၀၀) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြသည်။
စိုးမိုးကျော်(ပြန်/ဆက်)