ကလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

ကလော   ဇန်နဝါရီ     ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့်  ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက  အဆိုပါကျောင်းရှိ တေဇခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို ကျောင်းသားတစ်ဦးက မင်းသားအကဖြင့် ကပြဖျော်ဖြေ၍အခမ်းအနားဖွင့်လှစ်ပြီး ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း၊ မြို့နယ် ပညာရေးမှူး ဒေါ်ငွေသန်းနုနှင့် အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြခိုင်တို့က အမှာစကား များပြောကြားခဲ့သည်။ ထို့နောက် သတ္တမတန်းကျောင်းသူလေးများက ငြိမ်ချမ်းရေးပန်းခင်း အကဖြင့် လည်းကောင်း၊ တတိယတန်းကျောင်းသူလေးများကစံတော်ချိန်တီးလုံး အကဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက် ကြပြီးကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်အတွက်  လှူဒါန်းသည့် အလှူရှင်များကို  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ကျောင်းကော်မတီ ဉက္ကဋ္ဌ  ဦးမြကောင်း က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း ၊မြို့နယ်ပညာရေးမှူး ဒေါ်ငွေသန်းနု နှင့် အမှတ်(၁)ခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြခိုင်နှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုဆုများနှင့် မှတ်တမ်းလွှာများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ဆဋ္ဌမတန်းကျောင်းသူလေးများက ဆို၊ က၊ ရေးတီး သီချင်းများဖြင့်လည်းကောင်း၊ ပထမတန်းကျောင်းသူလေးများက (Banana ချာချာ) အကများဖြင့် လည်းကောင်း ကပြဖျော် ဖြေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)