လယ်ဝေးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

လယ်ဝေး     နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့၊ ရင်ခွင်မဲ့ ကလေး ငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့နှင့် မန္တလာရောင်စဉ် (Women Enpowerment & Gender Equality) အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကို နိုဝင်ဘာ(၂၇)ရက် မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့နယ် သစ်ပုတ်ပင်ကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အကြမ်းဖက်ခံရသည့် အမျိုးသမီး များနှင့် အကြမ်းဖက်ခံရမှုပုံစံများအား ရှင်းလင်းပြောကြားပြီး ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ရဲမှူး သူဇာလွင် က သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆိုင်ရာ အချက်အလက်များအား ပြောကြားခဲ့သည်။

ထို့နောက် မန္တလာရောင်စဉ် (Women Enpowerment & Gender Equality) အဖွဲ့မှ ဒေါ်သက်သက်နွယ်က အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ဘဝပြန်လည်ထူထောင်ရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နေဇော်ချစ် (ပြန်/ဆက်)