မိတ္ထီလာမြို့ပေါ်ရက်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်း ၁၉ လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

မိတ္ထီလာ နိုဝင်ဘာလ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့် မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်း ၁၉ လမ်းအား အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ   အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်း ၁၉ လမ်းအား    ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်()ရဲစခန်းမြောက်ဘက်လမ်းနှင့် ပွင့်သစ်စမှ ဘူတာအဆင်းလမ်း၊ အောင်ဇေယျာရပ်ကွက် ကန်လေးကုန်းလမ်း၊ ဝန်ဇင်းရပ်ကွက် မင်္ဂလာလမ်း၊ နန်းတော်ကုန်းရပ်ကွက်  အန္တကူ ရေစက်ရုံမှ ဝန်ဇင်းဟိုတယ်အထိ ကန်ပတ်လမ်း၊ အောင်ဆန်းရပ်ကွက် မကျီးကုန်းဘုန်းကြီးကျောင်းအဝင်လမ်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ကွန်ကရစ်လမ်းတိုးချဲ့ခြင်းကို ရန်မျိုးအောင်ရပ်ကွက် ပထမလမ်းမတော် နည်းပညာတက္ကသိုလ်သွားလမ်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်လက်၍ ကတ္တရာခင်းလုပ်ငန်းကို စက်မှုဇုန်()လမ်း၊ အောင်ဆန်း(မြို့သစ်)ခေတ္တာလမ်း၊ သီရိမင်္ဂလာရပ်ကွက် ပုလဲကန်စျေးပတ်လမ်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ကို ကျီတော်ကုန်းရပ်ကွက် ကျီတော်ကုန်း()လမ်း၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ပထမ လမ်းမတော်နည်းပညာ တက္ကသိုလ်သွားလမ်းနှင့်  စက်ရုံလမ်း၊ ပြည်သာယာမြောက်မြင်းခြံလမ်းမကြီး၊ မဟာစည်တိုးချဲ့ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်သာယာမြောက်()လမ်း မြင်းခြံလမ်းမှ တံတားထိပ်အထိ၊ ပြည်သာယာ တောင်ရပ်ကွက်ရှိ ()လမ်းနှင့် ()လမ်း၊ အောင်ဆန်း(မြို့သစ်) ကြာအင်းသုဿန်အဝင်လမ်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)