မတ္တရာမြို့ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိ

မတ္တရာ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့အဝင်(ဒင်္ဂါးချောင်း) စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားမှု မရှိစေရေးအတွက် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ယာဉ်မောင်းအမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ အသက်(၃၅)နှစ်ရှိ ယာဉ်မောင်းအမျိုးသားမှာ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး  ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ သည့် အတွက်  မတ္တရာပြည်သူ့ဆေးရုံရှိ သီးခြားအဆောင် သီးသန့်အခန်းတွင် ထားရှိ စောင့်ကြည့် ကုသပေးသွားမည်ဖြစ်သည်။

မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)