လေရှီး နိုဝင်ဘာ ၂၉
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ဝေးလံခေါင်ဖျားပြီး စားဝတ်နေရေးခက်ခဲသော ကျေးရွာများအား ဆန်အိတ် (၃၀၀)၊ ကုလားပဲ(၁၅)အိတ်နှင့် ခြုံစောင်(၃၀၀) ထည်ကို Eastern Naga Development Organization (ENDO) အဖွဲ့အစည်းက ယမန်နေ့က ရိုးရာယဉ်ကျေးမှုကွင်း၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်း ENDO အဖွဲ့အစည်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်း သဘာဝဘေးကြောင့် စားဝတ်နေ ရေး ခက်ခဲသော ကျေးလက်နေပြည်သူများ အထောက်အကူပြုစေရန် လိုအပ်သလို သွားရောက်ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးနီဆောင်း၏ ပြောပြချက်အရ သိရသည်။
ခဘိုး(လေရှီး)