ကယားပြည်နယ်ဝန်ကြီးချုပ် စံပြသီးနှံစိုက်ခင်းများ ဆောင်ရွက်မှုနှင့် ခရစ်ယာန်ဘုရားကျောင်းများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဒီဇင်ဘာ ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စံပြစိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် ခရစ်ယာန်ဘုရားကျောင်းများ၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်တွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရာသီသီးနှံစံပြစိုက်ခင်း(.)ဧကအား ဆိုလာရေတင်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများက  ဂေါ်ရခါး၊ ရွှေဖရုံ၊ မုန်ညှင်း၊ ဆလတ်၊ ကြက်သွန်ဖြူ၊ ကြက်ဟင်းခါး၊ ကြက်သွန်မိတ်၊ ကန်စွန်း၊ သခွား၊ တိုင်ထောင်ပဲ၊ ငွေနှင်းမှိုစသည့် စားဖိုဆောင်သီးနှံများနှင့် မာလကာ၊ ကိုင်းဆက်သင်္ဘောပင်များ စိုက်ပျိုးထားမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဆောင်းနေကြာ ရေဆင်း()စပ်မျိုး စံပြစိုက်ခင်းသို့ရောက်ရှိကာ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်နှင့် အစေ့အဆံအောင်မြင်စေရန်အတွက် ပျားများဖြင့်ဝတ်မှုန်ကူးခြင်း ဆောင်ရွက် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်မှစံပြစိုက်ခင်းမှ သီးပင်စားပင်များနှင့် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စိုက်ပျိုးနည်းပညာများအား တောင်သူများသို့ စနစ်တကျ လက်တွေ့ပြသဆောင်ရွက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် မကြာမီကျရောက်မည့် ခရစ္စမတ်နေ့တွင် ခရစ်ယာန်ဘာသာဝင်များအားလုံး သက်ဆိုင်ရာ ဘုရားကျောင်းများ၌ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရန်အတွက် ဒေါဥခူရပ်ကွက်၊ နှစ်ခြင်းဘုရားရှိခိုးကျောင်းတွင် ခရစ်ယာန်ဘာသာဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆက်လက်၍ နောင်ယား()ရပ်ကွက်ရှိ ခရစ်တော်ဘုရင်ဘုရားကျောင်းတော်၌ ခရစ္စမတ်နေ့တွင် စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရန်အတွက် ခရစ်ယာန်ဘာသာဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များအား  တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)