သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ ကိုဗစ်−၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများ အား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

သီပေါ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်   အခြေခံ စားသောက်ကုန်(၈)မျိုးတို့ကို ယမန်နေ့ နံနက်ပိုင်းက နှလုံးသားပရဟိတ အဖွဲ့မှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များကိုယ်စား နှလုံးသား ပရဟိတ အဖွဲ့မှ  တာဝန်ရှိသူများက  မြို့လယ်ရပ်ကွက်၊  မန်ဟဲကျေးရွာ၊ ခါလိန်ကျေးရွာ၊ နားခဲကျေးရွာနှင့် ဘော်ကြို ကျေးရွာများရှိ အခြေခံ လူတန်းစား အိမ်ထောင်စု(၆၅)စုတို့အား  အခြေခံစားသောက်ကုန်(၈)မျိုးစီ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော   အိမ်ထောင်စုများသို့လည်း ဆက်လက် ထောက်ပံ့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)