ဘာသာရေးအဆောက်အဦး ဘုရားဝတ်ပြုဆုတောင်းကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိရေး စစ်ဆေးအသိပညာပေး

မံစီ       နိုဝင်ဘာ     ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့အတွင်းရှိ ဘာသာရေးအဆောက်အဦး ဘုရားဝတ်ပြု ဆုတောင်းကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ၊ ကျန်းမာရေး စံသတ်မှတ် ချက်များနှင့် အညီဆောင်ရွက်ထားရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများ လှည့်လည် စစ်ဆေး အသိပညာပေး ခဲ့ ကြောင်း သိရသည်။

ဘာသာရေးအဆောက်အဦး ဘုရားဝတ်ပြုဆုတောင်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အတွက် လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်ထားရှိရေးအတွက် စစ်ဆေးအသိပညာပေး ခြင်းဖြစ်ပြီး ဘာသာရေးအဆောက် အဦများဖြစ်သည့် ဘုန်းတော်ကြီး ကျောင်းများနှင့် Church၊ ဗလီ၊ ဟိန္ဒူကျောင်း စသည့် ဘုရားဝတ်ပြုဆုတောင်း ကျောင်းများတွင် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ကျောင်းတာဝန်ရှိသူများ လိုက်နာရမည့် အချက်များ၊ ဝတ်ပြု ဆုတောင်းသူများ လိုက်နာရမည့် အချက်များစသည်ဖြင့် ကျန်းမာရေး စံသတ်မှတ်ချက်များ၊ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ထား ရှိရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော် ဦးဆောင်သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ကလှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်းသိရသည်။

ရိန် (ပြန်/ဆက်)