မော်လမြိုင်ကျွန်း နိုဝင်ဘာ ၃ဝ
မော်လမြိုင်ကျွန်းမြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့်မြို့နယ်တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ)တို့တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာများထဲမှ ယနေ့နေ့လယ်တွင် ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ၁၆ ဦး ဆင်းခွင့်ရရှိပါသည်။ ဆေးရုံဆင်းခွင့် ရရှိသူများအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။
အဆိုပါ ဆေးရုံဆင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များမှ သွားရောက်ကြိုဆို အားပေးကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စန်းဝင်းမှ ဆေးရုံဆင်းလက်မှတ်ပေးအပ်ခဲ့ကာမိမိ နေအိမ်တွင် Stay at home နေရမည့်စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားပြီး ဆေးရုံ ဆင်းသူများအား မြို့နယ် ကြက်ခြေနီအသင်းမှ အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင်သည်။
ယနေ့နေ့လယ်ပိုင်းထိ မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ကျား၊ မပေါင်း (၃ဝ၉) ဦးရှိပြီး မြို့နယ် ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ယနေ့ နေလယ်ပိုင်းထိ ပိုးတွေ့လူနာကုသဆဲ (၉၁) ဦးသာ ကျန်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ကုသပေးလျက်ရှိသည်။ ကုသဆဲ လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြသည်။
မြို့နယ်တွင် ဆေးရုံဆင်းသူအသက် အရွယ်ကြီးသူ၊ ကလေးငယ်များ အပါအဝင် ကျား၊ မစုစုပေါင်း (၂၁၇) ဦး ရှိပြီဖြစ်ပြီး ရင်ကြပ်ရောဂါအခံ ရှိသူ တစ်ဦး သာလျှင် သေဆုံးမှုရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရ သည်။
သီတာအောင် (ပြန်ဆက်)