နမ္မတူမြို့နယ်၊ Community Based Facility Quarantine ဆောင်ရွက်ထားရှိသည့်နေရာ၌ တစ်ကိုယ်ရည်သုံးပစ္စည်း (၂၀)မျိုးပါ Hygiene Kit များ ထောက်ပံ့ပေးအပ်

နမ္မတူ နိုဝင်ဘာ ၃၀

စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)မှ Facility Quarantine ဝင်ရောက်နေသူများအား တစ်ကိုယ်ရည်သုံးပစ္စည်း (၂၀)မျိုးပါ Hygiene Kit များ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာလ (၃၀)ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ Community Based Facility Quarantine ဆောင်ရွက်ထားရှိသည့် သတ္တုတွင်းဝန်ကြီးဌာန အခြေခံ သတ္တုတွင်းလုပ်ငန်းခွင်သင်တန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ စိမ်းလန်းဘဝလူမှု ဖွံ့ဖြိုးမှုအဖွဲ့ (Glad)Women’s Lead အဖွဲ့နှင့် မိတ်ဆွေကောင်းလူမှုကူညီရေး အသင်းတို့မှ Community Based Facility Quarantine ဆောင်ရွက်ထားရှိသည့် သတ္တုတွင်းဝန်ကြီးဌာန အခြေခံသတ္တုတွင်း လုပ်ငန်းခွင်သင်တန်း‌ကျောင်း၌ စောင့်ကြည့် ထားရှိသူ အမျိုးသား (၁၅)ဦး အမျိုးသမီး ()ဦး စုစုပေါင်း (၁၉)ဦးတို့အား တစ်ဦးလျှင် တစ်ကိုယ်ရည်သုံးပစ္စည်း (၂၀)မျိုးပါ Hygiene Kit တစ်စုံနှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ စိမ်းလန်းဘဝလူမှု ဖွံ့ဖြိုးမှုအဖွဲ့ (Glad)မှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံ ()စုံ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ()ဘူး၊ လက်အိတ် ()ဘူးနှင့် ခေါင်းစွပ် ()ဘူးအားလည်းကောင်း၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ ()စုံအား လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)