ပင်လောင်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် လုံးပြင်ကျေးရွာအုပ်စု ဗန်းမောက် ကျေးရွာ တောင်သူ ဦးဘီး၏ မျိုးစေ့ထုတ်စိုက်ခင်း ရွှေရင်အေးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ တောင်သူ ဦးဘီး၏ ကွင်းအမှတ်(၃) လယ်မြေတွင် စိုက်ပျိုးထားသည့် ရွှေရင်အေးစပါးစံကွက် မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းရာတွင် စပါးအစို တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း ၁၄၆.၀၂ တင်းထွက်ရှိပြီး စပါးအား အခြောက်လှန်းပြီးပါက တစ်ဧကလျှင် ၁၃၅.၀၀တင်း ရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
စံကွက်ရိတ်သိမ်းရာတွင် တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှငြိမ်းနှင့် ခရိုင်ဦးစီးမှူးရုံး မျိုးစေ့တာဝန်ခံ ဦးဆွေတင်သန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနမှ ဝန်ထမ်း များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)