နမ့်ဆန်မြို့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းတွင် တက်ကြွစွာပါဝင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား ‌ထောက်ပံ့ငွေချီးမြှင့်

နမ့်ဆန် ဒီဇင်ဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းတွင် တက်ကြွစွာပါဝင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက ယမန်နေ့က ထောက်ပံ့ငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွင် တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ကြက်ခြေနီစေတနာ လုပ်အားရှင် တပ်ဖွဲ့ဝင်များတို့ကို ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက ကြက်ခြေနီစေတနာ လုပ်အားရှင်အဖွဲ့ဝင် စုစုပေါင်း(၂၄)ဦးတို့အတွက် စုစုပေါင်း(၃၇၀၀၀၀)ကျပ်နှင့် တစ်ကိုယ်ရည်သုံး ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးခင်မောင် မှတစ်ဆင့် ထောက်ပံ့ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)