အမာ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အမှတ်(၁)ရပ်ကွက် အနောက်လမ်းတွင် ယမန်နေ့ည (၈:၀၀)နာရီ အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အမာမြို့ ၊ အမှတ်(၁)ရပ်ကွက်၊ အနောက်လမ်းတွင် ဘုရားမီးပူဇော်ပြီး နေအိမ်ပြင်ပသို့သွားရောက်စဉ် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး(၁၅×၁၂) ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာ နေအိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်သည့် နေအိမ်အားအမာမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ည(၈:၁၅) နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
နော်လေး( အမာ )