ဒေးဒရဲမြို့ရှိ Facility Quarantine Centre များသို့ အလှူငွေများ၊ ထမင်းဘူးများနှင့် ရေသန့်ဘူးများ လာရောက်လှူဒါန်း

ဒေးဒရဲ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centreများရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် Quarantine ဝင်ရောက်လျက်ရှိသူများအတွက် ထမင်းဘူးများ၊ ရေသန့်ဘူးများနှင့် အလှူငွေများအား ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကေျးရွာအုပ်ချုပ်ရေးမှူးများနှင့် ‌ကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် သုံးဒါတ် ကျေးရွာအုပ်စုမှ ၃သိန်းခွဲကျပ်၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုမှ ၃သိန်းခွဲကျပ်၊ သက္ကယ်ချောင် ကျေးရွာအုပ်စုမှ (၁၃၀၀၀၀)ကျပ်၊ သံဒိသဲကုန်းလေး ကျေးရွာအုပ်စုမှ (၅)သိန်းကျပ်၊ မရမ်းအနောက် ကျေးရွာအုပ်စုမှ (၁)သိန်းကျပ်၊ ဥတိုကျေးရွာအုပ်စုမှ (၁၈၀၀၀၀)ကျပ် စုစုပေါင်း လှူဒါန်းငွေ (၁၆၁၀၀၀၀)ကျပ်၊ မနော်နွေးနွေးလျှံက ရေသန့်ကဒ် (၃၃၃)ကဒ်၊ ဂွလေးကျေးရွာ၊ သံဒိသဲကုန်းလေး ကျေးရွာ၊ ခနောင်-ဇီးဖြူကုန်းကျေးရွာ၊ ကျုံဘုတ်ကျေးရွာ၊ သဲကုန်း ကျေးရွာနှင့် မရမ်းဝကျေးရွာအုပ်စုတို့မှ ကျေးရွာသူ၊ ကျေးရွာသားများစုပေါင်း၍  ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ‌ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အသွားအလာကန့် သတ်စောင့်ကြည့်ရာနေရာ(၂၅)ခုကို ဖွင့်လှစ်ထားရာ စေတနာရှင်၊ အလှူရှင်များ အနေဖြင့် စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တစ်နေ့တာ စားစရိတ် (၃၂၀၀)ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို အလှူရှင်များ၏ အစီအစဉ်ဖြင့်လည်း ရေသန့်ဘူးများ၊ ထမင်းဘူးများနှင့် စားသောက် ဖွယ်ရာများ ကိုလည်း လာရောက်လှူဒါန်း နိုင်ပါကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)