ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများဆီမီးပူ ဇော်ကြ

ညောင်ဦး ဒီဇင်ဘာ   ၁

မန္တလေးတိုင်းဒေသကြး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်၊ နေ့ည ၆နာရီခွဲအချိန်မှစတင်ကာ ပုဂံ-ညောင်ဦးဒေသခံများက ဆီမီး ပူဇော်ခဲ့ကြကြောင်း ဦးနေဝင်းမောင်ထံကသိရသည်။

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ပုထိုးများကို ဆီမီးပူဇော်ကြရာ ဓမ္မရံကြီးဘုရားအပြင်ဘက်တွင် ဆီမီး ၃၀၀၀ ဆီမီးပူဇော်ခဲ့ကြပြီး ၊ ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့် ၊ စိုးမင်းကြီးအုတ်ကျောင်းပတ်ဝန်းကျင်ဘုရားများ ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင်ရှိဘုရားများ၊ ရွှေဆံတော်ပတ်ဝန်း ကျင်ရှိဘုရားများ၊ အနော်ရ ထာလမ်းမကြီး ဘေးဘက်ဝဲ/ယာဘုရားများကို ထိခိုက်မှုမရှိစေပဲ၊ဒေသခံများက တန်ဆောင်မုန်းလပြည့်နေ့ အကြိုပူဇော်ခဲ့ကြ ကြောင်းသိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော် ပြည့်၊ အာနန္ဒာ ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး ၊ စူဠာမဏိ၊ ကျောက်ဂူဉမင်၊ ပြဿကြီး ဘုရားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအ တွင်း မုဒ်ဦးအဝင်ဝများမှ ပိတ်ထားခဲ့ကာ ဒေသခံများမှ ဘုရားကြီးများအပြင်ဘက်မှ ဆီမီး ပူဇော်ခဲ့ကြောင်းသိရပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဘုရား၊စေတီ၊ ပုထိုး ၃၈၀၀ကျော်ရှိကြောင်းသိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ရှေးဟောင်းဘုရားများဆီမီးပူဇော်ကြရာ လူစုလူဝေးမဖြစ်စေပဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊လမ်းညွှန်ချက်နှင့်အညီ ဆီမီးပူဇော်ခဲ့ကြ ကြောင်းသိရသည်။

ကိုထိန်၊KPD