ထန်တလန် ဒီဇင်ဘာ ၁
ချင်ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက် ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပြီး လိုက်နာ ဆောင်ရွက်မှုရှိသည့် ဆိုင်များကိုသာ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုနိုင်ရေးတို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်မြတ်မင်းထွဋ်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)