နောင်ချို ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ကျန်းမာရေး စစ်ဆေးရေးစခန်းအား ဘန့်ဘွေးတိုးဂိတ်အနီးသို့ ပြောင်းရွှေ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယခင်ကာလများ၌ ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်အရ ဘန့်ဘွေးတိုးဂိတ်အနီးရှိ ယာဉ်ရပ်နားစခန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးရေးစခန်းကို ပြောင်းရွှေ့စစ်ဆေးခြင်းဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဆေးစစ်ဆေးမှုခံယူနိုင်ရန်အတွက် သက်တောင့်သက်သာ နားနေနိုင်ခြင်း၊ စစ်ဆေးရေးဂိတ်နှင့်အတူ မရှိခြင်းကြောင့် ယာဉ်များရှုပ်ထွေးမှုမရှိခြင်း၊ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသူများအတွက်လည်း စစ်ဆေးခြင်း လုပ်ငန်းကိုသာ အဓိကထား၍ ဆောင်ရွက်နိုင်ခြင်းစသည်တို့ကြောင့် ယခုနေရာသို့ ကျန်းမာရေးစစ်ဆေးရေးစခန်းအား ပြောင်းရွှေ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)