သပိတ်ကျင်း၊ ဒီဇင်ဘာ ၁
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ တစ်ဦးဖြစ်သည့် သပိတ်ကျင်းမြို့နယ်(၇)မိုင်ကျေးရွာအုပ်စု (၆)မိုင်ကျေးရွာမှ အသက်(၂၁)နှစ် အရွယ် အမျိုးသမီးသည် သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သပိတ်ကျင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှ ၎င်းနေထိုင်သည့်ဒေသသို့ ပြန်လည် ရောက်ရှိလာသဖြင့် Facility Quarantine ထားရှိသူဖြစ်ပြီး ရောဂါပိုးတွေ့ရှိသဖြင့် နိုဝင်ဘာ (၁၈)ရက်နေ့က သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေး ကောင်းမွန်သဖြင့်ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး မိမိနေအိမ်တွင် Home Quarantine (၇) ရက် ဆက်လက်နေ ထိုင်သွားရမည်ဖြစ်ကြောင်း ကျန်းမာဦးစီးဌာနတာဝန်ရှိသူများမှ မှာကြားခဲ့ကြောင်းသိရသည်။
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦးရှိခဲ့ ပြီး ယခုဆေးရုံမှဆင်းခွင့်ရရှိသည့်လူနာမှာ စတုတ္ထမြောက်လူနာဖြစ်ပြီး အတည်ပြုလူနာ တစ်ဦး ဆက်လက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)