ကွန်ဟိန်းမြို့ ၌ World AIDS Day အခမ်းအနား ကျင်းပ


ကွန်ဟိန်း          ဒီဇင်ဘာ      ၁


ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌  World AIDS Day အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့် က ကွန်ဟိန်းမြို့ ၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ  မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ ဒေါက်တာခင်မောင်ရင်က အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။  ယင်းနောက် Noble Heart ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင် မှ Noble  Heart နှင့် ပတ်သက်သော လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ (အခြေခံကျန်းမာ) ဒေါက်တာ ရဲခေါင်ထက်မှ HIV အကြောင်း သိကောင်းစရာများ၊ Marie Stopes Myanmar Township Myanmar ဒေါက်တာ မြန်မာဟိန်းကျော်မှ မသန်စွမ်းနေ့အထိမ်းအမှတ် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ပြည့်စန္ဒီမြင့်(ပြန်/ဆက်)