မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၇၇နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

မိုးနဲ ဇန်နဝါရီ

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ လူထုအခြေပြုဗဟိုဌာန ခန်းမနေရာ၌ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/ သူလေးများက မိမိတို့စိတ်ကြိုက်ရေးဆွဲခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ကြီးရှု အားပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူလေးများအား အာဇာနည်ခေါင်းဆောင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာများပါရှိသည့် နံရံကပ်စာစောင်အား ပြသခဲ့ကြကြောင်းသိရသည်။

ပန်းချီပြိုင်ပွဲ ဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/သူလေးများအနေဖြင့် အာဇာနည်နေ့ကို အမှတ်တစ်ရရှိနေစေခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြန်လည်သတိတရရှိနေစေခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ရင်ထဲတွင် ကိန်းအောင်းလာခြင်း၊ နေ့ကြီးရက်ကြီးများကို မှတ်မှတ်ရရရှိနေစေခြင်း၊ အတွေးအခေါ်အကြံဉာဏ်များ ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိမည်ဖြစ်သည်။

ဇင်ကိုကို