မြန်အောင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

မြန်အောင် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မိုးထွေး ဦးဆောင်သော အဖွဲ့ဝင်များက (COVID-19) ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာ ကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် ယနေ့ နံနက် (၉) နာရီက မြန်အောင်နေခြည်ဈေးတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

ဝင်းဗိုလ် (မြန်အောင်)