မိုင်းငေါ့ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် (Mask)နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန် အတွက် ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်ခန့်က ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်မှ မိုင်းငေါ့မြို့စစ်ဆေးရေးဂိတ်သို့ Mask နှာခေါင်းစည်း(၁၈)ဘူး၊ Hand Gel 250ml(၁၉) ဘူး တို့ကို လှူဒါန်းပေးခဲ့သည်။
အဆိုပါလှူဒါန်းသောပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုစနစ်တကျ ဆေးကြောရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်မှ Mask နှာခေါင်းစည်းနှင့် Hand Gel များကို မိုင်းငေါ့ မြို့စစ်ဆေးရေးဂိတ်သို့ ဒုတိယအကြိမ် လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)