စဉ့်ကိုင် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်မျာအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမားရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဒေါက်တာသက်ကိုကိုလွင်နှင့် ဒေါက်တာယုဝေ တို့ကကြီးကြပ်၍ မြို့နယ် ကျန်းမားရေးမှူးများနှင့် ဝန်ထမ်းများက အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ၊ ဂျပန်ဉီးနှောက်ရောင်၊ ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ် အပိုင်းအခြား အလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော အသက် (၁) နှစ်ခွဲအောက် ကလေးငယ် (၇၃) ဉီးနှင့် ကိုယ်ဝန်ဆောင်မိခင် (၂၅) ဦးရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အဝင်တွင် လက်ကိုစနစ်တကျ သန့်စင်စေခြင်း၊ ကိုယ်အပူချိန် တားတာခြင်းနှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်