မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ

မိုင်းတုံ ဒီဇင်ဘာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် အမျိုးသားများအား ယမန်နေ့ မွန်းလွှဲ ()နာရီခွဲက စစ်ဆေးရာ ()ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

 မိုင်းတုံမြို့ဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ(၂၇) ရက်နေ့က ရန်ကုန်မှ ကားနှစ်စီး ဖြင့်လာသည့် အမျိုးသား()ဦးအား RTD Test Kit ဖြင့်စစ်ဆေးရာ အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး တွင် ကိုဗစ်-၁၉ ပိုးတွေ့ရသဖြင့် ကျန်()ဦးအား အထက(မိုင်းတုံ)တွင် Facility Quarantine ထားရှိခဲ့ပြီး ယမန်နေ့မွန်းလွှဲပိုင်းက ၎င်းတို့()ဦးအား RTD Test Kit ဖြင့် စစ်ဆေးရာ()ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။

မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုး သား()ဦးနှင့် အမျိုးသမီး()ဦးရှိပြီး Facility Quarantine တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးရမည့် အတည် ပြုလူနာနှင့်ထိတွေ့ခဲ့သူ(၆၅)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဝင်းဝင်းခိုင် (ပြန်/ဆက်)