မြန်အောင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

မြန်အောင်  ဒီဇင်ဘာ ၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးချိုချိုက အဖွင့် အမှာစကားပြောကြားပြီး မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနအကြီး အကဲများအား ကန့်တော့ကြပြီး ဝန်ထမ်းတစ်ဦးချင်းအား အမှတ်တရလက်ဆောင်ပစ္စည်းများ မဲဖောက်ပေးခဲ့ကြကြောင်း သိ ရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)