ဆဒုံး ဒီဇင်ဘာ ၁
ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ကျန်းမာရေး ဆေးပေးခန်းတွင် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ မွေးကင်း စ (၂) လအရွယ်မှ အသက် (၁) နှစ်ခွဲအရွယ်ထိ ထိုးနှံပေးရာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ) ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးရာတွင် ကလေးငယ် (၂၀) ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကလေးငယ်များနှင့် မိဘများအား ဆေးခန်းအတွင်း မဝင်ရောက်မီ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)