ချီဖွေမြို့၌ ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့ ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု ဆောင်ရွက်

ချီဖွေ ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ World AIDS DAY 2020 လှုပ်ရှား ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၆) နာရီက မြို့နယ်စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ လှုပ်ရှားဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဌာနမှ သားဖွားဆရာမ ဒေါ်ဘောမ်ဝမ်နှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမများ၊ HPA မှ Chipwi team leader ( Malaria) ဆရာဖြိုးဝေထွန်း နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်း/ဝယ် ဒေသခံမိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ ဖြစ်သည့် HIV/AIDS အကြာင်း မေးခွန်းတိုများ အသိပညာ ဗဟုသုတ ရရှိစေရန် မေးမြန်းဆွေးနွေးကာ ပါဝင်ဖြေဆို သူများအား အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါသည် ကာကွယ်ရန် မခက်ပါ၊ မူးယစ်ဆေး မသုံးစွဲလျင် အကောင်းဆုံးပါ အသိပညာပေး လက်ကမ်းစာစောင်နှင့် သွားတိုက်ဆေး(၁)ဗူး၊ အဖုံးပါရေပုံး (၁) ပုံး စသည့်တို့ ပေးဝေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း သွားရောက်၍ HIV/AIDS ကူးစက်ခြင်းများနှင့် ကာကွယ်ခြင်း နည်းလမ်း အကြောင်းကို ဆရာဖြိုးဝေထွန်းက မေးမြန်းဆွေးနွေးကာ လူငယ်များအနေဖြင့် ဆောင်ရန်/ရှောင်များ လိုက်နာစေရန် အသိပညာ‌ပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း ( ပြန်/ဆက်)