မိုင်းဖြတ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန က Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် သားဖွားဆရာမ ဒေါ်အိသူဝင့်တို့က ကျိုင်းတုံဘက်မှ မိုင်းဖြတ်မြို့ တွင်းသို့ဝင်ရောက်မည့် ကုန်တင်ယာဉ် မောင်းနှင့် ယာဉ်မောင်းနောက်လိုက် ၂၀ ဦး၏ နှာခေါင်းတို့ဖတ်ကိုရယူပြီး Antigen (RDT)Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက် ၂၀ ဦး သည် ရှမ်းပြည်နယ်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်ရရှိသည့်နေ့မှစ၍ ၁၄ရက်ကြာ အကျုံးဝင်မှာဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)