ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု အသိပညာပေးဆောင်ရွက်


ပင်လောင်း ဒီဇင်ဘာ ၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရဲစခန်းရှေ့ မင်းလမ်းမပေါ်၌ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ လမ်းသွားလမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများ နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊တတ်နိုင်သမျှ နေအိမ်တွင်နေထိုင်ပြီး လူစုလူဝေး ရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ အနည်းဆုံး ခြောက်ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်နှင့် လက်ကို ဆပ်ပြာ/လက်သန့်စင် ဆေးရည်ဖြင့် မကြာခဏ ဆေးကြောကြရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။


ရဲမင်းပိုင် (ပင်လောင်း)