ကြံခင်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး အား/ကာ ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြည်သူများအား ကျန်းမာရေးအသိပညာ လှုံ့ဆော်ရေးပိုစတာများကို ယမန်နေ့နေ့လည်ပိုင်းက လမ်းမတော်လမ်းတွင် လမ်းဖြတ် ပိုစတာချိတ်ဆွဲခြင်းနှင့် ဗိုလ်ချုပ်လမ်းတင်းနစ်ကွင်းရှေ့တွင် လှုံ့ဆော်ရေးအသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင် ရောဂါကင်းဝေးစေရန်ရည်ရွယ်ပြီး အသိပေးနှိုးဆော်ပိုစတာများဖြစ်သော "ရောဂါကင်းလို့ ကျန်းမာဖို့ နေ့စဉ်လမ်းလျှောက် ကြပါစို့" လမ်းဖြတ်ဗီနိုင်းပိုစတာများ၊" ကိုယ်ခံစွမ်းအား မြှင့်တင်ရန် အားကစားအခြေခံ "ဗီနိုင်းပိုစတာ၊" အားကစား ပြုလုပ်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၅) ချက်"နှင့် "နေ့စဉ်အလွယ် တကူပြုလုပ်နိုင်သော ကိုယ်လက် လှုပ်ရှား အားကစားနည်းလမ်းများ" ဗီနိုင်းမြေစိုက် ပိုစတာများအား ပြည်သူများ သိရှိစေရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလှုံ့ဆော်ရေး ပိုစတာချိတ်ဆွဲစိုက်ထူခြင်းကို ကြံခင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးအရာရှိ ဒေါ်ယဉ်သူဇာလွင် ဦးဆောင်သော အားကစားမှ တာဝန်ရှိသူများက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)