မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မြတ်နိုးသူဂိတ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာမှ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးဖမ်းဆီးမိ

မိတ္ထီလာ ဒီဇင်ဘာလ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မြတ်နိုးသူဂိတ်တွင် ယမန်နေ့ ညန ၅ နာရီ အချိန်က ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာမှ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုထံမှ သိရသည်။

အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ)မှ ရဲတပ်ကြပ် ချစ်ဦး၊ မျိုးမင်းထွန်း၊ အောင်လင်းထွန်း တို့မှ မြို့မရဲစခန်းမှ ရဲတပ်သား စိုင်းမြတ်သူ၊ အရှေ့ပြင်ရပ်ကွက် ရာအိမ်မှူး ဦးသက်ခိုင်စိုး၊ ဦးမင်းသုဝဏ် တို့နှင့်အတူ မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မြတ်နိုးသူဂိတ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာမှ  ကျောက်ပန်းတောင်ဘက်မှ မိတ္ထီလာဘက်သို့ ယာဉ်မောင်း မင်းအောင် သာစည်မြို့နယ်နေသူ မောင်းနှင်လာသည့် YGN-4I/---- Toyota ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သော စာရွက်စာတန်းများအား ပြသနိုင်ခြင်းမရှိသဖြင့် ဒုရဲအုပ် ကျော်မင်းမင်းထိုက်ထံ သတင်းပို့ခဲ့ပြီး ဒုရဲအုပ် ကျော်မင်းမင်းထိုက်မှ မြို့မရဲစခန်းတွင် ဆက်လက် စစ်ဆေးမေးမြန်းခဲ့ရာ လိုင်စင် မဲ့ယာဉ်ဖြစ်ကြောင်း ယာဉ်မောင်း မင်းအောင်မှပြောဆိုပြီး သက်သေများ ရှေ့တွင်  မော်တော်ယာဉ် အား အပ်ပေးသဖြင့် ရှာဖွေပုံစံဖြင့် ယာဉ်အား သိမ်းဆည်း၍ ယာဉ်မောင်း မင်းအောင်အား ဥပဒေအရ အရေးယူပေးနိုင်ပါရန် မြို့မရဲစခန်းသို့ တိုင်တန်းရာ မြို့မရဲစခန်းမှ ယာဉ်မောင်း မင်းအောင်အား အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)