ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် ဘောလုံးကွင်းရေမြောင်း တည်ဆောက်ခြင်း (၇၀) ရာခိုင်နှုန်း ပြီးစီး

ဟားခါး  ဒီဇင်ဘာ ၁

ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာရှိ ဘောလုံးကွင်းအတွင်း မိုးတွင်းကာလတွင် ရေအိုင်ခြင်းများ မရှိစေရေးအတွက်  ဘောလုံးကွင်း ပတ်လည် ရေမြောင်းတူးဖော်ခြင်းများကို နိုဝင်ဘာလမှ စတင်တူးဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ (၇၀) ရာခိုင်နှုန်းပြီးစီပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေမြောင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်သိန်း (၇၀)ဖြင့် တည်ဆောက်ခဲ့ပြီး အရှည်ပေ ၆၁၅ ရှိ ကွန်ကရစ်ရေမြောင်း အမျိုးအစားဖြစ်ကြောင်း၊ အဆိုပါ ဘောလုံးကွင်းမှာ အလျားပေ (၃၄၅) အနံပေ (၂၂၅) ရှိသည့် စံချိန်မီ ဘောလုံးကွင်း ဖြစ်ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ဘောလုံးကွင်း ရေမြောင်းတူးဖော်ပေးခြင်းကြောင်း ဒေသခံပြည်သူများ အားကစားများဆောင်ရွက် ရာတွင် ပိုမိုအဆင်ပြေ စေသည့်အတွက် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)