ဟားခါးပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းများလှူဒါန်း

ဟားခါး  ဒီဇင်ဘာ 

ဟားခါး ပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် Powered Air-Purifying Respirator တစ်စုံတန်ဖိုးငွေကျပ် (၄၅၀၀၀၀)နှင့် Filter တစ်စုံ တန်ဖိုးငွေကျပ် (၃၀၀၀၀) စုစုပေါင်းငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းများ လှူဒါန်းခြင်းကို ဟားခါး ပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန် အသင်းမှ  ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါး ပြည်သူ့ဆေးရုံအုပ် ဒေါက်တာမန်ဗျက်ကုန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)