မိုးမိတ်မြို့နယ်အတွင်းရှိ ပြည်သူများအား နှာခေါင်းစည်း(mask)တပ်ဆင်ရေး နှင့်အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်


မိုးမိတ်  ဒီဇင်ဘာ ၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်     အပြင်သို့  ထွက်သည့်အခါတိုင်း နှာခေါင်းစည်း  တပ်ဆင်စေ သည့် အလေ့အထဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မဈေး၊ သားငါးနှင့်ကုန်စိမ်းယာယီဈေးတို့၌  ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေး ကော်မတီ၏စီမံခန့်ခွဲမှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကိုဆက်လက် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်း စည်းများ တပ်ဆင်သွားလာကြစေရန်အသိပညာပေးခြင်း ၊ နှာခေါင်းစည်းမတပ်ဆင်သူများအား နှာခေါင်းစည်း များဝေငှပေးခြင်း ၊ မြို့နယ်အတွင်း လှည့်လည်နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


မိုးမိတ်သား(စည်သူဌေး)