မိုင်းငေါ့ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ဈေးရပ်ကွက်တွင် နေထိုင်သောပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သော ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ပေးအပ်ခဲ့သည်။
နိုင်ငံတော်အစိုးရမှ ပေးအပ်သော ထောက်ပံ့ငွေများကို မိုင်းငေါ့မြို့ဈေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင်(၂၀၀၀၀/)နှုန်းဖြင့် အိမ်ထောင်စု(၄၀)စုအတွက် (၈)သိန်းအား စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများအား ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းထင်ကျော်၏ နေအိမ်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)