မိုင်းတုံ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်မြို့ထွက်ဂိတ်(၃)ဂိတ်မှ ယမန်နေ့ ညနေ ၆ နာရီအထိ ဖြတ်သန်းသွားလာသော ကား(၄၉)စီးမှ ခရီးသွားပြည်သူ(၁၂၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သတ်သည့် အသိပညာပေးလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေး ခြင်း၊ Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်ပါရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များ ၊မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ အလှည့်ကျတာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်၊မိုင်းတုံ)