မိုင်းယု ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine နေထိုင်ပြီးစီးသူ (၁၉)ဦးကို ယမန်နေ့ ညနေပိုင်းက နေထိုင်ပြီးစီးမှု လက်မှတ်ပေးအပ်ခဲ့ကြသည်။
အဆိုပါ Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ နယ်မြေခံ စခန်းမှူး ရဲအုပ်အောင်ဇော်မင်း၊ ဒွန်းနွဲ့ရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ကော်မတီအဖွဲ့ဝင်များက သွားရောက် ပေးအပ်ခဲ့ပြီး မိမိတို့နေအိမ်တွင် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင်အညီ Home Quarantine ခုနစ်ရက် ဆက်လက်နေထိုင်စေရန် ပြောကြားခဲ့သည်။
ယင်း Facility Quarantineနေထိုင်သူ (၁၉)ဦးကို နိုဝင်ဘာ(၁၈)ရက်နေ့ကစတင်၍ ဒွန်းနွဲ့ရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine(၁၄)ရက် ထားရှိစေပြီး နိုဝင်ဘာ (၂၁)ရက်နေ့က ငှင်းတို့ကို နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာရယူစစ်ဆေးခဲ့ရာ ယခုအခါ ရောဂါလက္ခဏာတစ်စုံတစ်ရာပေါ်ပေါက်ခြင်းမရှိသဖြင့် ဒီဇင်ဘာ (၁)ရက်နေ့ ညနေပိုင်းက Facility Quarantine နေထိုင်ပြီးစီးမှုလက်မှတ်ပေးအပ်၍ နေအိမ်သို့ Home Quarantine ခုနစ်ရက် ဆက်လက် နေထိုင်စေခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)