ဟားခါး ဒီဇင်ဘာ ၂
ဟားခါးမြို့တွင် ယာဉ်စီးနင်းသူပိုမိုများပြားလာပြီး ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် Road Line များ အသစ်ပြန်လည် ဆေးသုတ်ခြင်းကို ယမန်နေ့တွင် ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် Road Line များ အသစ်ပြန်လည်ဆေးသုတ်ခြင်းကို လမ်းအရှည် ၃ မိုင်ကျော် ဆေးသုတ် သွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ရှိ ပလက်ဖောင်းများ အသစ်ပြန်လည်ဆေးသုတ်ခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ(AE) ဦးဇာအုပ်ထန်းထံမှ သိရသည်။
ဟားခါးမြို့ပေါ်တွင် ယာဉ်စီးနင်းသူ လူဦးရေပိုမိုများပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူများ ပိုမိုသိရှိစေရေးနှင့် လမ်းအမှတ်အသားများ ပိုမိုထင်ရှား စေရေးအတွက် အသစ်ပြန်လည်ဆေးသုတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)