ဒေါ့ဖုန်းယန် ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ လူစုလူဝေး နှင့် ဈေးသို့သွားရောက်ပါက နှာခေါင်းစည်း MasK များကို တပ်ဆင်ပြီးမှ သွားလာနိုင်ရန် ရည်ရွယ်၍ MasK များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်ဈေး နှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေဆောင်ရွက်သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စနစ်တကျ လက်ဆေး ကြရန်၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်နှံ့မှုနှုန်းသည် လျော့နည်းသွားခြင်း မရှိသေးသည့်အတွက် ချမှတ်ထားသည့် စည်းကမ်း ချက်များကို လိုက်နာကြရန် နေအိမ်ပြင်ပ ထွက်ခွာပါက Mask တပ်ဆင်ပြီးမှသာ ထွက်ခွာကြရန် ဈေးဝယ်သူနှင့် ဈေးရောင်းချသူများကို ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်ဆိုင်းနန်၊ သားဖွားဆရာမ ဒေါ်ရီနွယ်ဝင်းနှင့် ဆရာမ များက Hand Speaker ဖြင့် လူစည်ကားရာ ဈေးတွင် အသိပညာပေးနိုးဆော်ကြပြီး နှာခေါင်းစည်း Mask အခုရေ ( ၅၀၀ )ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြသက်(ပြန်/ဆက်)