လေးမျက်နှာ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်သူများ အား ကျန်းမာရေးအသိပညာ လှုံ့ဆော်ရေးပိုစတာများကို ယနေ့နံနက်ပိုင်းက ဗိုချုပ်လမ်းတွင် လမ်းဖြတ် ပိုစတာချိတ်ဆွဲခြင်းနှင့် ငဝန်ဧရာအားကစားကွင်းရှေ့တွင် လှုံ့ဆော်ရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး အား/ကာ ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင် ရောဂါကင်းဝေးစေရန်ရည်ရွယ်ပြီး အသိပေးနှိုးဆော်ပိုစတာများဖြစ်သော "ရောဂါကင်းလို့ ကျန်းမာဖို့ နေ့စဉ်လမ်းလျှောက်ကြပါစို့" လမ်းဖြတ်ဗီနိုင်းပိုစတာများ၊" ကိုယ်ခံစွမ်းအား မြှင့်တင်ရန် အားကစား အခြေခံ "ဗီနိုင်းပိုစတာ၊" အားကစား ပြုလုပ်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၅) ချက်"နှင့် "နေ့စဉ် အလွယ်တကူပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစားနည်းလမ်းများ" ဗီနိုင်းမြေစိုက် ပိုစတာများ အား ပြည်သူများ သိရှိစေရန် အသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလှုံ့ဆော်ရေး ပိုစတာချိတ်ဆွဲစိုက်ထူခြင်းကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဦးတေဇာမျိုး နှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)