မအူပင်မြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်ကျိတ်ရှစ်ဆူ ဘုရားများ မြို့အတွင်းသို့ ပင့်ဆောင်လှည့်လှည် အပူဇော်ခံ

မအူပင် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့လယ်ကျောင်းတိုက်၏ နှစ်စဉ်ကျင်းပလျက်ရှိသော (၄၉) ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိတ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် အများပြည်သူများ ကြည်ညိုဖူးမျှော်စေနိုင်ရန် ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့အတွင်းသို့ နှစ်ကျိတ်ရှစ်ဆူ ဘုရားများ ပင့်ဆောင်လှည့်လှည် အပူဇော်ခံကြောင်း သိရသည်။

တန်ဆောင်တိုင် နှစ်ကျိတ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့အတွင်းသို့ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေထိ ၃ ရက်တိုင် ပင့်ဆောင်လှည့်လှည် အပူဇော်ခံကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ် (မအူပင်)