ညောင်တုန်း ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ဆိုင်များမှ ကြိုတင်ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံပြီး ရောင်းချသူများ၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် လက်ဆေး ဘေစင်များ ထားရှိခြင်း ရှိ/မရှိ၊ ချက်ပြုတ်ရောင်းချနေသော အခန်းများအား သန့်ရှင်းစွာ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိခြင်း ရှိ/မရှိ၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိတို့ကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင်